Blogger Widgets

Wednesday, January 23, 2013

မြေပုံမြို့၏လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဌာန

မြေပုံမြို့၏လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဌာနမှကိုထွန်းသိန်း(ဦးစီးမှုး)နှင့်ကိုအောင်နိုင်ထွန်း ( ဒု-ဦးစီးမှုး ) တို့သည် ပြည်သူလူထုများထံမှ မတရားကုတ်သွေးစုပ်ငွေညှပ်နေကြောင်းကိုကျနော်ဒီနေ့ မျက်မြင်တွေ့ကြုံခဲ့ရပါတယ်။ ဓါတ်ပုံသာဓကတွေနဲ့ပြသချင်ပေမယ့်လည်းအကြောင်းအမျိုးမျိုးကြောင့်ဓါတ်ပုံ များမရိုက်နိုင်ခဲ့တာနားလည်ပေးစေချင်ပါတယ်။ ဒါပေမယ့်တစ်ကယ်ဖြစ်ခဲ့တယ်ဆိုတာကို ဘုရားပေးပေး၊ ကျမ်းပေးပေးပါဗျာ၊ ကျိန်ဆိုရဲပါတယ်။အဖြစ်ဒီလိုဗျာ....

Wednesday, January 9, 2013

မြေပုံမြို့အငူကမ်းခြေ၏အလှတရားများ

မြေပုံမြို့ အငူကမ်းခြေ၏အလှတရားများကို မြေပုံလူငယ်များ ခံစားမျှဝေ
ပေးစေချင်တဲ့ အတွက်တင်ပြပေးခြင်းဖြစ်ပါတယ်။ချောင်းသာ၊ငွေဆောင်
ကမ်းတွေလိုလူသိများ၊ထင်ပေါ်ကျော်ကြားသော အပန်းဖြေစခန်းတစ်ခု

Tuesday, January 8, 2013

နိုးဆော်ချက်

မြေပုံမြို့နှင့် သက်ဆိုင်သော သတင်းအချက်အလက်များနှင့် video အသံဖိုင်များ ၊ဓါတ်ပုံများအား သူငယ်ချင်းများနေဖြင့် တစ်ခြားသူများ ထံသို့ မျှဝေ ခံစား စေရန်အတွက် အောက်ပါ အီးမေးလ် လိပ်စာ
သို့ ပေးပို့ကြပါရန် မေတ္တာရပ်ခံရပ်ပါတယ်။
Contact Email Address : chanaye741@gmail.com 

မြေပုံမြို့ဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားကြပါစို့

ဒီဘလော့ ဖွင့်ရခြင်း၏ ရည်ရွယ်ချက်မှာ - မြေပုံမြို့ပေါ်တွင်ဖြစ်ပျက်နေသော နိုင်ငံရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊လူမှုရေး နှင့် ဆက်သွယ်ရေး စသည့် အကြောင်းအရာများအား မြေပုံ လူငယ်များ သိရှိစေရန် နှင့် ဝေဖန်အကြံ ပြုပေး ရန်၊ နည်းလမ်းများရှာဖွေပြီး အတူတကွ ပူးပေါင်းပါဝင်ဖြေရှင်းကြရန် အတွက် ပြုလုပ်ထားခြင်းဖြစ်ပါသည်။