Blogger Widgets

Wednesday, January 23, 2013

မြေပုံမြို့၏လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဌာန

မြေပုံမြို့၏လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဌာနမှကိုထွန်းသိန်း(ဦးစီးမှုး)နှင့်ကိုအောင်နိုင်ထွန်း ( ဒု-ဦးစီးမှုး ) တို့သည် ပြည်သူလူထုများထံမှ မတရားကုတ်သွေးစုပ်ငွေညှပ်နေကြောင်းကိုကျနော်ဒီနေ့ မျက်မြင်တွေ့ကြုံခဲ့ရပါတယ်။ ဓါတ်ပုံသာဓကတွေနဲ့ပြသချင်ပေမယ့်လည်းအကြောင်းအမျိုးမျိုးကြောင့်ဓါတ်ပုံ များမရိုက်နိုင်ခဲ့တာနားလည်ပေးစေချင်ပါတယ်။ ဒါပေမယ့်တစ်ကယ်ဖြစ်ခဲ့တယ်ဆိုတာကို ဘုရားပေးပေး၊ ကျမ်းပေးပေးပါဗျာ၊ ကျိန်ဆိုရဲပါတယ်။အဖြစ်ဒီလိုဗျာ....
အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း) တစ်ခုလိုချင်လို့ လာရောက်လျှောက်ထား၊တောင်းဆိုနေကြတဲ့ ပြည် သူ/သားတွေကိုမြင်ခဲ့ရလို့ပါ။ဦးစီးမှုးတွေ ဘယ်လောက်အလုပ်များသလဲဆိုတာတွေးကြည့်ကြပါတော့။ထ မင်းစားဖို့သွားတာနဲ့၊ အပေါ့အပါးသွားတာနဲ့၊ ဆေးသောက်ကွမ်းစားဖို့သွားတာနဲ့ ..စောင့်ရသူတွေသစ်ကု လားလို လည်ပင်းတွေရှည်ထွက်တော့မယ်။အဲဒါသူတို့တွေရဲ့နေ့စဉ်လုပ်ငန်းဖြစ်နေပြီဆိုတော့ ထားပါတော့.။ ဒါပေမယ့် ပြန်ရောက်လာတော့လည် ပြည်သူ/သူတွေကို သူတို့မှာ စေခိုင်းရင်ခေါ်ထားတဲ့အစေခံများမှတ်နေ သလားမသိပါဘူး။မာရေ၊ ကျော့ရေနဲ့(ရင့်သီရင့်သန့်)စကားတွေပြောနေလိုက်တာ။ဒါမပါဘူး၊ ဒါလိုတယ်၊ဒါ လုပ်ရမယ်၊....တဲ့အမိန်းပေးနေလိုက်တာ..စစ်တပ်ကျနေတာပဲ။အမျိုးသားတွေဆိုပိုဆိုးတာပေါ့။အမျိုးသမီးတွေ
ဆိုသဘောကောင်းလိုက်တာလွန်ရော့။အချက်အလက်မပြည့်စုံရင်လည်း ရတာပဲ။
လာလုပ်ကြတဲ့သူတွေက တောသားတွေများတာတွေခဲ့ရပါတယ်။မသိနားမလည်ကြတဲ့သူတွေပါပဲ။သူတို့ တွေ
မှာလည်းအချိန်ရှိပါတယ်။ဦးစီးမှုးတွေကိုစောင့်ရင်းနဲ့ပဲ (ကူးတို့) ကတော့စက်လှေနောက်ကျလို့အိမ်အပြန် ခက်ရပါတယ်။မသိလို့လာလုပ်ပါတယ်ဆိုမှ စစ်တပ်ထဲမှာပြောဆိုသလိုဆက်ဆံနေတယ်ဆိုတော့ ပြည်သူ/ သားတွေသနားရတာပေါ့။ပြီးတော့..တောင်းတဲ့ဈေးနုန်းကလည်း မသေမရှာပါပဲ။သူတို့ကြည်ဖြူသလိုပေါ့။ တစ်ချိုဆို ငွေကျပ် ၂၀၀၀၀ (နှစ်သောင်း) ၊ (နှစ်သောင်းကျော်)၊ ထိပေးရတယ်တဲ့။ကျနော်မြင်ခဲ့တာကတော့ ရယ်စရာသိပ်ကောင်းတယ်သိလား။ဒု-ဦးစီး(အောင်နိုင်ထွန်း)မှစကားနဲ့လည်းမတောင်းဘူးဗျ။အမူအရာလေး နဲ့။ဖန်ယားသလိုလို၊ခေါင်းယားသလိုလို ရုပ်မျိုးပေါင်းစုံ စုံနေတာပဲ။တော်တော်ကြည့်ကောင်းတယ်သိလား။ video ရိုက်မလို့အခါအခွင့်မကြုံ့သေးလို့ပါ။ ဖိုင်တွဲထဲ ငွေ ၁၀၀၀၀ (တစ်သောင်း)လူမမြင်အောင် ထိုးထည့်ခိုင်တယ်သိလား။
တိုးတိုးတိတ်တိတ်နဲ့ ..အမြှောင်လင်ငယ်နဲ့ချိန်းတွေနေတဲ့ မိန်းမပျက်လိုပဲ။စကားသံတွေပျော့ပြောင်းနေလိုက် တာ အကယ်ဒမီတောင်ပေးထိုက်ပါသေးတယ်။ပြီးတော့ သူအတွက်လက်ဖက်ရည်ဖို့တဲ့..ငွေတစ်သောင်းအ
ပြင်နောက်ငွေ သုံး၊လေး ထောင်လောက်ပူဇော်ဆက်သရပါသေးတယ်။ဦးစီးမှုး(ထွန်းသိန်း)ကတော့ သဘောကောင်းပါသေးတယ်။ သူ့လက်အောက်ငယ်သားတွေကိုချစ်ခင်မြတ်နိုးလိုက်တာပါးစပ်တောင်မဟ ပါဘူး။ ဆင်ဖြူတော်တွေ စီးချင်နေကြတာကို။မြေပုံလူငယ်(သူငယ်ချင်း)များခင်ဗျာ..ဒီဟာတွေကိုငါတို့အများ သူများသိရှိအောင်များများပြုလုပ်ကြရမယ်ထင်ပါတယ်။ဒါဟာတကယ့်အဖြစ်အပျက်ပါ။ဌာနကိုလည်းသွားပြီး
စုံစမ်းနိုင်ပါတယ်။ပြီးတော့ များများဘလော့တွေမှာတင်ပေးကြပါနော်။




1 comment:

  1. ဟုတ်တယ်။ဟုတ်တယ်။သူတို့ဒီလိုပဲအမြဲလုပ်နေတာ။နောက်ဌာနတွေလည်းကျန်သေးတယ်..အကို။ဆက်ရေးပါနော်။

    ReplyDelete